Xpresscod.com မှ အရည်အသွေးကောင်းမွန်သော ပစ္စည်းများကို သာ အစဉ်အမြဲ ရောင်းချပေးနိုင်းလျှက်ရှိပါသည်။ ၀ယ်ယူပြီးသောပစ္စည်းအား အကြောင်း တစ်စုံတစ်ရာကြောင့် စိတ်ကျေနပ်မူမရှိပါက ပစ္စည်းရရှိပြီး ၇ ရက်အတွင်း onlineshop ဖုန်း 09 40077309 သို့ ရုံးချိန်အတွင်း ဆက်သွယ် အကြာင်း ကြား ၍ ၀ယ်ယူထားသော online ဘောက်ချာ နှင့်အတူ အောက်ပါ ရုံးလိပ်စာသို့ ပြန်လည်ပေးပို့နိုင်သည်။
ရုံးလိပ်စာ၊ အမှတ် ၄၆၈A အောက်ကြည်မြင်တိုင်လမ်းမကြီး ၊ ကြည်မြင်တိုင် မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး၊
ပြန်လည်ပေးပို့လိုသော ပစ္စည်းအား သက်မှတ်ထားသော ရုံးလိပ်စာကိုသာ ပေးပို့ရမည်ဖြစ်ပါသည်။
(သို့မဟုတ်) နီးစပ်ရာ Iconfashion Fashion complex ဆိုင်ခွဲများတွင် လဲလှယ်ခြင်းပြုလုပ်နိုင်ပါသည်။။
မှတ်ချက်များ
- ၁၊ ဝယ်ယူသူ စိတ်ပြောင်းလဲမူ ကိုလက်မခံပါ (ဥပမာ ဘောင်း ဘီ မှ အင်္ကျီ လဲလှယ် ခြင်း ) ။ Size မတော်ခြင်း ၊ ကာလာမကြိုက်ခြင်း ၊ ပစ္စည်;မှားပို့ခြင်း ကိုတာ လက်ခံပါ သည်။
- ၂၊ ပြန်လည်ပေးပို့လာသောပစ္စည်းများသည် အသုံးပြုထားချင်းမရှိဘဲ မူလအခြေအနေအတိုင်း တံဆိပ်များပါရှိရန်လိုအပ်ပါသည်။ ဝယ်ယူသူသည် Xpresscod.com မှဝယ်ယူထားသောပစ္စည်းများအား ပစ္စည်းလက်ခံရရှိသည့်နေ့မှစ၍ ၇ ရက်အတွင့်း  ဆက်သွယ်အကြောင်းကြား၍ ပြန်လည်လဲလှယ်နိုင်ခွင့်ရှိသည်။
- ၃၊ Xpresscod.com ၀ယ်ယူထားသော Accessories ,Underwear အတွင်း ခံ များသည် မည်သည့် အကြောင်းပြချက် နှင့်မျှ လဲလှယ်ပေးမည်မဟုတ်ပါ။
- ၄၊ ပြန်လည်ပေးပို့ရာတွင် လက်ဆောင်များ (သို့မဟုတ်) ပေးပို့ထားသောဘူးပစ္စည်း အပြည့်အအစုံပြန်လည်ပါရှိရမည်။ အရောင်တစ်ခုခုစွန်းထင်းခြင်း၊ အနံ့ အသက်တစ်ခုခု စွဲကျန်နေခြင်းစသောပစ္စည်းများ၊ တစ်စိတ်တစ်ပိုင်းသာပြန်လည်ပေးပို့သော ပစ္စည်းများကို လဲလှယ်ပေးနိုင်မည်မဟုတ်ပါ။
- ၅၊ Xpresscod.com မှဝယ်ယူထားသောပစ္စည်းများကိုသာပြန်လည်လဲလှယ်ပေး ပါ မည်။ Icon fashion complex ဆိုင်များ မှ ၀ယ်ယူထားသော ပစ္စည်းများကို Online ရုံး သို့ ပေးပို့ လာ ပါ က ပြန်လည်လဲလှယ်ပေးမည် မဟုတ်ပါ။
- ၆၊ ၀ယ်ယူထားသော ပစ္စည်းများကိုပြန်လည်လဲလှယ်လိုပါက မူလ၀ယ်ယူထားသော ဘောင်ချာပါပူးတွဲ ပြန်ထည့်ပေးရန် လိုအပ်ပါသည်။
- ၇၊ Xpresscod.com မှဝယ်ယူထားသောပစ္စည်းများကို နီးစပ်ရာ Icon Fashion Complex ဆိုင်ခွဲများတွင်လည်း မူရင်းဘောင်ချာပြ၍ပြန်လည် လဲလှယ်နိုင်ပါသည်။ ဆိုင်ခွဲ လိပ်စာများ ကို Icon Fashion Complex Shops and Counters page တွင် ဖော်ပြ ထားပါ သည်။
- ၈၊ ပစ္စည်းလဲလှယ်ရာတွင် Online သို့မိမိလဲလှယ်လိုသောပစ္စည်းပြန်လည်ပေးပို့ရန် အတွက် လိုအပ်သော ပို့ ဆောင် ခ ကို ပေးပို့သူဘက်မှကျခံရမည်ဖြစ်ပြီး၊ Customer ဘက်သို့ပစ္စည်းပြန်လည်ပေးပို ခ ကို Xpresscod.com မှကျခံပေးမည်ဖြစ်သည်။
- ၉၊ Xpresscod.com မှပေးပို့ပြီး ရက်ပေါင်း ၇ ရက်ကျော်မှလဲလှယ်ရန်ပေးပို့လာသော ပစ္စည်းအားပြန်လည်လဲလှယ်ရာတွင် Xpresscod.com ၏ဆုံးဖြတ်မှုအတိုင်းသာလက်ခံရပါမည်။
အရောင်အသွေး
Website ပေါ်တွင်ဖော်ပြကြေငြာထားသော ပစ္စည်းအရောင်အသွေးများသည် ၀ယ်ယူသူ သုံးစွဲသည့် မော်နီတာ ဖုန်း တက်ဘလက် အပေါ်မှုတည် ကွဲပြားနိုင်သည်။ သို့ဖြစ်ပါ မော်နီတာမှဖော်ပြထားသော အရောင် အာလုံးဝတိကျမှုဖြစ်လိမ့်မည်ဟု အာမခံပေးနိုင်မည်မဟုတ်ပါ။
ထပ်ခါတလဲလဲ လဲလှယ်ခြင်း
ကျွန်ုပ်တို့သည် ၀ယ်ယူသူများဖက်မှပြန်လည်လဲလှယ်ခြင်းများကို မှတ်တမ်းတင်ထားမည်ဖြစ်သည်။ ၀ယ်ယူသူတစ်ဦးတည်းမှ ကြိမ်ဖန်များစွာလဲလှယ်ခြင်းပြုလုပ်ပါက Xpresscod.com မှ ငြင်းပယ် ဆုံးဖြတ်နိုင်ခွင့်ရှိသည်။